ဒလမြို့နယ်တွင် ကလေးငယ်များအားအမီလိုက်ကာကွယ်ဆေးထိုးနှံပြီး၊ ဗီတာမင်နှင့် မင်နုရယ်ပေါင်ဒါ ဆေးတိုက်​ကျွေး


မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ဒလမြို့နယ်၊ ဗညာဒလရပ်ကွက်၊ ဦးအောင်​ဇေယျ(၁၁)လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မတ် (၁၄)ရက်နေ့ ၀၉:၀၀ နာရီ မှ ညနေ ၀၃:၀၀ နာရီအချိန်ထိ ဒလမြို့နယ်ပြည်သူ့ကျန်းမာရေးဦစီးဌာနမှ အသက်(၁)နှစ်မှ(၅)နှစ်အတွင်းရှိကလေးငယ်များအမီလိုက်ပုံမှန် ကာကွယ် ဆေးထိုးနှံပေးပြီး၊ အသက်(၆)လ မှ အသက် (၅၉) လရှိ ကလေးငယ်များအား ဗီတာမင်နှင့် မင်နုရယ်ပေါင်ဒါဆေး သန်ချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဗညားဒလရပ်ကွက်နှင့် ဘုရင့်နောင်ရပ်ကွက် တို့မှအသက်(၁)နှစ်မှ (၅)နှစ်အတွင်းကလေးငယ်များကို ဒလမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှအမျိုးသမီးကျန်းမာရေးဆရာမဒေါ်သဇင်နွယ်၊ကျန်းမာရေးကြီးကြပ်(၁)ဒေါ်ခိုင်ခိုင်မိုး၊ တို့မှ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ကြပြီး၊ဗညားဒလရပ်ကွက်အုပ်ချုပ်ရေးမှူးဦးကျော်သန်းဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များက လိုအပ်သည့်များ ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


သန်းဇော်ဦး ဒလ

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN