ဒလမြိုနယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်တို့တွင် ကျောင်းသားကျောင်းသူ ၄၁၇ဦး ဆက်လက်ဖြေဆို


မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ မြို့မ ၄ ရပ်ကွက်ရှိ ဒလမြို့နယ်စာစစ်ဌာနဖြစ်သည့် အမှတ် (၁ )အခြေခံပညာအထက်တန်းကျောင်း၌ကျင်း ပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မတ် ၁၁ ရက်နေ့က စတင်ကျင်းပရာ၊ ယနေ့ မတ် (၁၄)ရက်၊ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်​တွင် ဒလမြို့နယ်မှကျောင်းသား၊ကျောင်းသူပေါင်း (၄၁၇) ဦး ဆက်လက်ဖြေဆို ခဲ့ကြောင်းသိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မတ်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်​ကြောင်းသိရသည်။

ဒလမြို့နယ်စာစစ်ဌာနဖြစ်သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဒလမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာအထက် တန်းကျောင်း(ခွဲ)များ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား (၂၁၀ )ဦး၊ ကျောင်းသူ (၂၂၀) ဦး ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၄၃၀)ဦးဝင်ရောက်ဖြေဆိုရန် မှတ်ပုံတင်အမည်စာရင်းပေးသွင်းခဲ့ကြောင်းသိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်ဖြေဆိုသည့် မတ် (၁၁) ရက် မြန်မာစာဘာသာရပ်တွင် ကျောင်းသား (၂၀၅) ဦး၊ကျောင်းသူ (၂၁၂ )ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ ကျောင်းသား ၅ ဦး၊ကျောင်းသူ ၈ ဦး ​စုစုပေါင်း (၁၃) ဦးဝင်ရောက်ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်းသိရပြီး၊ ယနေ့ မတ် (၁၄) ရက်၊ စတုတ္ထနေ့ ဓာတုဗေဒနှင့်
ပထဝီဘာရပ်တွင်လဲ မတ် (၁၁) ရက်နေ့က မြန်မာစာဘာသာရပ်တွင် ဖြေဆိုခဲ့သည့် ကျောင်းသား၊ကျောင်းသူ (၄၁၇) ဦး ဆက်လက်ဖြေဆိုခဲ့ကြောင်းသိရသည်။

ဓာတုဗေဒ ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၃၉၉)ဦး၊ ဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၀)ဦး ဖြစ်ကြောင်းသိရသည်။ ပထဝီဘာသာရပ်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁)ဦး၊ ဖြေဆိုရန် ပျက်ကွက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃)ဦး ဖြစ်ကြောင်းသိရပြီး၊ ဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃)ဦး ဖြစ်ကြောင်းသိရသည်။ဒလမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူတက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၆•၉၇ ဖြစ်ကြောင်းသိရသည်။

ကျောင်းသား၊ကျောင်းသူများ ပျော်ရွှင်စွာ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များမှ လုံခြုံရေးကိစ္စရပ်များဆောင်ရွက်ပေးသည့်အပြင် ယာဥ်ထိန်းတပ်ဖွဲ့ဝင်များကလဲ ယာဥ်အန္တရာယ်ကင်းစေရေးအတွက် ပါဝင်ဆောင်ရွက်ပေး လျှက်ရှိကြောင်း သိရသည်။

သန်းဇော်ဦး ဒလ

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN