ကနီမြို့နယ်၊ ချောင်းမကျေးရွာတွင် ဒေသခံ PDF အဖွဲ့ဝင်အချို့နှင့် KIA အချို့တို့အကြား ပစ်ခတ်မှုဖြစ်ပွား


မတ် ၁၄

ကနီမြို့နယ်၊ ချောင်းမကျေးရွာတွင် ဒေသခံ PDF အဖွဲ့ဝင်အချို့နှင့် KIA အချို့တို့အကြား ပစ်ခတ်မှုဖြစ်ပွား


မတ် ၁၄

ယမန်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာတွင် KIA အချို့နှင့် ဒေသခံ PDF အချို့တို့အကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူ တစ်ဦး၏ပြောဆိုချက်အရ KIA ဦးစီးတဲ့ ကနီမြို့သိမ်းတိုက်ပွဲ ၁၂ ရက်အကြာမှာ မြို့ကိုမသိမ်းနိုင်ပဲ အကြမ်းဖက် PDF အဖွဲ့က မြို့တွင်းမှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရပြီး
အကြမ်းဖက် PDF အဖွဲ့ဝင် အများပြားကျဆုံးကာ ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး အကြမ်းဖက်အဖွဲ့များ၏ ဆေးကုသရေးနေရာ ၃ နေရာစလုံးတွင် ဒဏ်ရာရသူများပြားသဖြင့် ဆေးဝါးမလုံမလောက်ဖြစ်သည့်အထိရှိလာခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

မတ်လ ၁၂ ရက်နေ့တွင် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာရာ မတ်လ ၁၃ ရက်နေ့ စုရပ်ဖြစ်သော ချောင်းမကျေးရွာတွင် KIA အချို့နှင့် ဒေသခံ PDF အချို့ စကားအခြေအတင်ဖြစ်ရာ‌မှ အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့ထံက ကြားသိရပြီး သေဆုံးမှုရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN