ရုရှားအနေဖြင့် နျူကလီးယားစစ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု အနောက်အုပ်စုကို ပူတင်သတိပေး


မတ် ၁၃

ရုရှားအနေဖြင့် နျူကလီးယားစစ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု အနောက်အုပ်စုကို ပူတင်သတိပေး


မတ် ၁၃

ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားသည် နျူကလီးယားစစ်ပွဲအတွက် နည်းပညာပိုင်းအရ အဆင်သင့်ဖြစ်နေကြောင်းနှင့် ယူကရိန်းသို့ အမေရိကန်တပ်များ စေလွှတ်ပါက ပဋိပက္ခ၏ သိသိသာသာ တိုးမြင့်လာမည်ဟု ယူဆကြောင်း မတ်လ ၁၃ ရက်နေ့က သတိပေးခဲ့သည်။

သမ္မတ ပူတင်က “စစ်ဘက်ဆိုင်ရာ နည်းပညာရှုထောင့်ကနေကြည့်ရင်တော့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု Rossiya-1 ရုပ်မြင်သံကြားနှင့် သတင်းဌာန RIA သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်အနေဖြင့် ရုရှားပိုင်နက် သို့မဟုတ် ယူကရိန်းပိုင်နက်အတွင်း တပ်ဖြန့်ခြင်းများလုပ်ဆောင်ပါက စွက်ဖက်မှုတစ်ခု အဖြစ် မှတ်ယူမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရုရှားတပ်များသည် ယူကရိန်းပိုင်နက် ငါးပုံတစ်ပုံခန့်ကို ထိန်းချုပ်ထားပြီး အနောက်နိုင်ငံများနှင့် ယူကရိန်းစစ်တပ်တို့ထက် ပိုမိုကောင်းမွန်စွာ တိုက်ခိုက်နေသည့်အတွက် ယူကရိန်းစစ်ပွဲအတွက် အမေရိကန်နှင့် အနောက်နိုင်ငံများမှ ရုန်းကန်နေရကြောင်း ပြည်ပသတင်းဌာနများက သုံးသပ်ထားသည်။

သမ္မတပူတင်သည် အမေရိကန်နှင့် အနောက်နိုင်ငံများက ယူကရိန်းတွင် ပိုမိုပါဝင်ပတ်သက်မှုကို တွန်းအားပေးရန် ရည်ရွယ်၍ အမေရိကန်သို့ လူသိရှင်ကြား နူကလီးယားသတိပေးချက် ဆက်တိုက်ပေးပို့ခဲ့သည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN