မြဝတီမြို့၊ ရွာသစ်ကျေးရွာအတွင်းသို့ KNLA/PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိ


မတ် ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းသို့ အကြမ်းဖက် KNLA/PDF သမားများက မတ် ၇ ရက် ညနေပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မြဝတီမြို့၊ ရွှေမြစန္ဒီတိုးချဲ့ကွက်သစ်နေရာမှ အကြမ်းဖက် KNLA/PDF သမားများက မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် ရွာသစ်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များသည် ကျေးရွာအတွင်းရှိ ဒေါ်ဇင်မာထွန်း၊ (ဘ)ဦးထွန်းကြည် ၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်ဇင်မာထွန်း သည် လက်နက်ကြီးအစ ထိမှန်ဒဏ်ရာဖြင် သေဆုံးခဲ့ကာ ၎င်း၏ နေအိမ်အနီးတွင် နေထိုင်သည့် အမျိုးသား ၃ ဦး(စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများအား လိုအပ်သည့် ဆေးကုသမှုခံယူစေ လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ မြို့/ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဒေသခံပြည်သူများ ကန့်ကွက်ရှုတ်ချလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN