မန်ယူကွင်းလယ်လူ မေဆန်မောင့် လေ့ကျင့်ခန်းပြန်ဆင်း

မတ် ၁၃

မန်ယူကွင်းလယ်ကစားသမားမေဆန်မောင့်ဟာ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် (၄)လကြာအနားယူခဲ့ရပြီးနောက် ယခုအခါ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပါတယ်။

ချဲလ်ဆီးကနေ ပေါင်သန်း(၆၀)နဲ့ မန်ယူကို ရောက်လာခဲ့တဲ့ မေဆန်မောင့်ဟာ နိုဝင်ဘာလက လူတန်တောင်းနဲ့ပွဲမှာ မန်ယူအတွက် သူ့ရဲ့နောက်ဆုံးပွဲကို ကစားခဲ့ပြီး အဲဒီနောက် လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့ပါတယ်။

ယခုအခါမှာတော့ မေဆန်မောင့်ဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တွေနဲ့ပူးပေါင်နိုင်ခဲ့ပြီး ရာသီနောက်ဆုံးပိုင်းအတွက် ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ပါတယ်။

မေဆန်မောင့်၏ မန်ယူအသင်းဟာ မတ်လ ၁၇ ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန်ည(၁၀)နာရီအချိန်တွင် အိုးထရက်ဖို့ဒ်မှာ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲအဖြစ် လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရမှာလဲဖြစ်ပါတယ်။