ဘာစီလိုနာအသင်းနဲ့ အာဆင်နယ်အသင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်

မတ် ၁၃

ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဘာစီလိုနာနဲ့ အာဆင်နယ်အသင်းတွေက ပြိုင်ဘက်တွေကို အသီးသီးအနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့် တက်လှမ်းသွားပါတယ်။

ဘာစီလိုနာအသင်းဟာ အီတလီကလပ်နာပိုလီနဲ့ ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ ၁ ဂိုး စီသရေကျခဲ့ပြီး ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ပွဲရယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာလည်း ပထမအကျော့မှာ ပေါ်တူဂီကလပ် ပေါ်တိုကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့မှာ ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ပဲ နိုင်ပွဲပြန်ရခဲ့တာပါ။

နှစ်ကျော့ပေါင်းရလဒ်တူညီနေလို့ အချိန်ပိုအထိရောက်ခဲ့ပြီး အချိန်ပိုမှာလည်း ဂိုးမရခဲ့ကြတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ အာဆင်နယ်အသင်းက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၇ နှစ်ဆက်တိုက် ၁၆ သင်း ရှုံးထွက်အဆင့် ကနေ ထွက်ခွာ ခဲ့ရမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။