နည်းပြဘင်နီတက်ဇ်ကို ဆယ်တာဗီဂိုအသင်း ထုတ်ပယ်

မတ် ၁၃

စပိန်လာလီဂါ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဆဲလ်တာဗီဂိုအသင်းဟာ သူတို့အသင်းရဲ့နည်းပြကြီး ဘင်နီတက်ဇ်ကို ရာထူးက ထုတ်ပယ်လိုက်ကြောင်းကို တရားဝင်‌ကြေညာသွားခဲ့ပါတယ်။

ဆဲလ်တာဗီဂိုမှာ ၉ လကြာ နည်းပြဘဝဖြတ်သန်းခဲ့တဲ့ ဘင်နီတက်ဇ်ဟာ အသင်းရလဒ်ပိုင်းကို ကောင်းမွန်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အခုလိုအခြေအနေအထိ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ဆဲလ်တာဗီဂိုဟာ လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့် ၁၇ မှာ ရမှတ် ၂၄ မှတ်နဲ့ ရပ်တည်နေတာဖြစ်ပြီး တန်းဆင်ဇုန်က အသင်းတွေနဲ့ ရမှတ်သိပ်မကွာတာကြောင့် အခြေအနေဒီထက်ဆိုးခဲ့မယ်ဆိုရင် တန်းဆင်းသွားရနိုင်တဲ့ အနေအထားမှာရှိနေခဲ့ပါတယ်။

ဘင်နီတက်ဇ်ဟာ လီဗာပူး၊ အင်တာ၊ ချဲလ်ဆီး၊ နာပိုလီ၊ ရီးရဲလ်မက်ဒရစ်၊ နယူးကာဆယ်အသင်းတွေကိုလည်း တာဝန်ယူ ကိုင်တွယ်ခဲ့ပါတယ်။