ထုတ်ကုန်များရဲ့ မမြင်နိုင်တဲ့ ဓာတ်ပြောင်းလဲမှု ဆိုင်ရာအချက်အလက်များကို စားသုံးသူများသို ထင်ရှားစွာ ဖော်ပြရန် အသိပေး


မတ် ၁၃

ကုန်စည်ရောင်းချသူများအနေဖြင့် ထုတ်ကုန်များတွင် မမြင်နိုင်တဲ့ ဓာတ်ပြောင်းလဲမှုဆိုင်ရာ အချက်အလက် များကို စားသုံးသူများသို့ ထင်ရှားစွာဖော်ပြရန် စားသုံးသူရေးရာဦးစီးဌာနက အသိပေးထားကြောင်း သိရပါတယ်။

စားသုံးသူရေးရာဥပဒေအရ သဘာဝဓာတ်ပြောင်းလဲမှုများနှင့် ပတ်သက်၍ အချက်အလက်များကို စားသုံးသူများသို့ ထင်ရှားစွာ အသိပေးရမည်ဖြစ်ပြီး ကုန်စည်အာမခံချက် ၇ ချက်နဲ့ အညီ လိုက်နာ လုပ်ဆောင်ကြရန် အသိပေးထားပါတယ်။

ယင်း ကုန်စည်အာမခံချက်များအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များမှ မိမိရောင်းချမည့် ကုန်ပစ္စည်းများနှင့် ပတ်သက်၍ စားသုံးသူမှ လက်ခံသုံးစွဲနိုင်တဲ့ အရည်အသွေးရှိခြင်း၊ ကုန်စည်ရဲ့ အရည်အသွေး အချိန်အတွယ် ပမာဏနှင့်အလေးချိန်မှန်ကန်မှုရှိစွာ ရောင်းချခြင်း၊ ကုန်ပစ္စည်းနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူရဲ့ လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊ နမူနာပစ္စည်းတွင် ဖော်ပြတဲ့အတိုင်း တူညီစွာပါရှိခြင်း၊ ကုန်ပစ္စည်း အာမခံချက်ပေးထားသည့် ကာလ (သိုမဟုတ်) အသုံးပြုနိုင်မည့် ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည် ပြုပြင်နိုင်ခြင်း (သိုမဟုတ်)လဲလှယ်နိုင်ခြင်းနှင့် ကုန်အညွှန်း အမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ ကမ်းလှမ်းချက် (သိုမဟုတ်) အရောင်းမြှင့်တင်ခြင်းတို့ပါဝင်ကြောင်း သိရပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN