တောင်ငူမြို့အနီးတွင် အကြမ်းဖက်သမားများမှ အများပြည်သူထိတ်လန့်ကြောက်ရွံစေရန် ရထားလမ်းရှိတံတားများအား ဗုံးခွဲတိုက်ခိုက်


မတ် ၁၃

တောင်ငူမြို့အနီးတွင် အကြမ်းဖက်သမားများမှ အများပြည်သူထိတ်လန့်ကြောက်ရွံစေရန် ရထားလမ်းရှိတံတားများအား ဗုံးခွဲတိုက်ခိုက်


မတ် ၁၃

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့အနီးတွင် အကြမ်းဖက် KNU/PDF ပူးပေါင်းအဖွဲ့များမှ အများပြည်သူကြောက်ရွံ့တုန်လှုပ်စေရန်နှင့် အများပြည်သူသုံး မီးရထားလမ်းများပျက်ဆီး ကြန့်ကြာစေရန်အတွက် မီးရထားလမ်းရှိ တံတားများအား မိုင်းထောင်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ (၁၂)ရက်နေ့ ည (၈)နာရီခွဲအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဇီးဒိုင်းကျေးရွာအုပ်စု၊ မင်းလမ်းကူးကျေးရွာရှိ ရထားလမ်းကြေးနန်းတိုင်အမှတ် ၁၆၄/၁၂ နှင့် ၁၆၄ /၁၃ ကြားရှိ တံတားအမှတ် ၂၆၄ (ခပေါင်းသံလမ်း တံတား) တံတား ၂ စင်းကြား၌ပေါက်ကွဲမှုဖြစ်ပွားပြီး၊ ၃ မိနစ်ခန့်ခြားကာ အနောက်ဘက်တံတား(သံဘောင်တံတား)အောက်မှ ထပ်မံပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်းအရ တာဝန်ရှိသူများက ရောက်ရှိ၍စစ်ဆေးခဲ့ရာ အဆိုပါ ပေါက်ကွဲမှုကြောင့် ရထားသံလမ်း အနောက်ဘက်ခြမ်း တံတား အောက်ခြေ၊ လူသွားလမ်းပေါ်သို့တက်သည့် လှေကား အုတ်ခုံဘေးမှ ကွဲခြင်းဖြစ်ကြောင်း၊ ကွန်ကျူးပိုက်ဖြင့်ပြုလုပ်ထားသောမိုင်းဖြစ်ပြီး ပေါက်ကွဲမှု့ကြောင့် လူ/ပစ္စည်းထိခိုက်မှုမရှိဘဲပြည်သူအများ အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့စေရန်နှင့် မီးရထားခရီးစဥ်များ နှောင့်နှေးကြန့်ကြာစေရန်ရည်ရွယ်၍ ပြည်ဖျက်အကြမ်းဖက် KNU/PDF အဖွဲ့မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN