ဂျပန်ကုမ္မဏီ Space One ၏ အာကာသယာဉ် စတင်ပျံသန်းချိန်တွင် ပေါက်ကွဲပျက်ကျခဲ့


မတ် ၁၃

ဂျပန်နိုင်ငံ Space One ကုမ္မဏီ၏ Kairos အမည်ရှိ အာကာသယာဉ်ငယ်သည် စတင်ပစ်လွှတ်ချိန်တွင် ပေါက်ကွဲကာ ပျက်ကျခဲ့ကြောင်း သိရသည်။

နိုင်ငံတော် လုံခြုံရေးတည်ဆောက်မှုနှင့် စီးပွားဖြစ် အာကာသယာဉ်များ ဝယ်လိုအားမြင့်တက်နေချိန်တွင် အစိုးရနှင့်လုပ်ငန်းရှင်များမှ အဆိုပါကဏ္ဍအား ပံ့ပိုးကူညီမှုများ အရှိမြှင့်လုပ်ဆောင်လာချိန်တွင် Space One ၏ လက်ရှိဖြစ်စဉ်ကြောင့် ဆုတ်ယုတ်မှုများရှိခဲ့ကြောင်းသိရသည်။

အရှည် ၅၉ ပေ ရှည်လျားသည့် အဆိုပါ ဒုံးပျံသည် လွှတ်တင်ပြီး ငါးစက္ကန့်အကြာတွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး မီးခိုးများ ဒုံးပျံအပိုင်းအစများအား မီးသတ်အဖွဲ့မှာ ရေဖြန်း ငြှိမ်းသတ်ခဲ့ရသည်။

“စမ်းသပ်မှုတစ်ခုစီတိုင်းတွင် အချက်အလက်မှင့် အတွေ့အကြုံအသစ်များ ရရှိစေပြီး စိန်ခေါ်မှုများ ယူဆောင်လာပေးကြောင်း” အဆိုပါ ကုမ္ပဏီ၏ ဥက္ကဋ္ဌမှ မီဒီယာများကို ပြောကြားခဲ့သည်။

Space One သည် Kairos အာကာသဒုံးပျံအား စနေနေ့တွင် လွှတ်တင်ရန် ပြင်ဆင်ခဲ့သော်လည်း အဆိုပါ ပင်လယ်အနီး ကန့်သတ်ဧရိယာအတွင်းသို့ သင်္ဘောတစ်စီးဝင်ရောက်လာခြင်းကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN