ကျပ်သိန်း ၄၀ ကျော်နေတဲ့ရွှေ‌ဈေးကို YGEA သတ်မှတ်ဈေးနှုန်းအောက်တွင် ရောင်းဝယ်ရန် ပန်ကြားလွှာ ထုတ်ပြန်


မတ် ၁၃

ကျပ်သိန်း ၄၀ ကျော်နေတဲ့ရွှေ‌ဈေးကို YGEA သတ်မှတ်ဈေးနှုန်းအောက်တွင် ရောင်းဝယ်ရန် ပန်ကြားလွှာ ထုတ်ပြန်


မတ် ၁၃

လက်ရှိမှာ ကျပ်သိန်း ၄၀ ကျော်နေတဲ့ရွှေ‌ဈေးနှုန်းအား ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း YGEA ရဲ့ သတ်မှတ်ဈေးနှုန်းအောက်တွင်သာ အရောင်းအဝယ်ပြုလုပ်ရန် YGEA က ပန်ကြားလွှာထုတ်ပြန် လိုက်ပါတယ်။

မတ်လ ၁၂ ရက်နံနက်ပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ အဆိုပါပန်ကြားလွှာတွင် ကောလာဟလ အခြေအမြစ်မရှိ သတင်းအမှားအမျိုးမျိုးကြောင့် ပြင်ပဈေးကွက်ရောင်းဝယ်သူများမှ ဈေးကစား၍ ရွှေဈေးနှုန်းကို ဆွဲတင်/ဆွဲချ ပြုလုပ်လျက်ရှိပြီး ယင်းသတင်းအဖြစ်အပျက်အမှန်များကို ဌာနဆိုင်ရာများမှ စုံစမ်းစစ်ဆေးလျက်ရှိကာ အရေးယူ ဆောင်ရွက်သွားမယ်လို YGEA က ဆိုထားပါတယ်။

ဈေးကစားသူများအနေဖြင့် ကောလာဟလများလွှင့်ထုတ်ခြင်းနှင့် ဈေးကစားခြင်းများ မပြုလုပ်ကြပါရန် ပန်ကြားထားပြီး ပူးပေါင်းပါဝင်ပေးဖိုလည်း ထည့်သွင်းထုတ်ပြန်ထားပါတယ်။ YGEA ရဲ့ မတ်လ ၁၂ ရက် မနက်ပိုင်းက အကယ်ဒမီမီးလင်းရွှေ အဖွင့်ဈေးနှုန်းမှာတော့ တစ်ကျပ်သားလျှင် ကျပ် ၃,၇၉၂,၆၀၀ ဖြစ်ပါတယ်။

မတ်လ ၆ ရက်ကလည်း ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲဝင်များ တွေ့ဆုံစဉ်မှာ ဗဟိုဘဏ်ဥက္ကဋ္ဌက ရွှေဈေးနှင့် အမေရိကန်ဒေါ်လာဈေး ကြီးကြပ်နေမှုများအပေါ် ဆွေးနွေးခဲ့ပြီး ရွှေဈေး/ငွေဈေးကစားကာ ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူ များကို ဥပဒေနှင့်အညီ ကြီးကြပ်အရေးယူသွားမယ်လို ပြောကြားထားပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN