ကလေးမွေးခြင်းသည် အသက်မွေးဝမ်းကြောင်းကို ပျက်စီးစေသည်ဟု Lily Allen ဆို


မတ် ၁၃

ကလေးမွေးခြင်းသည် အသက်မွေးဝမ်းကြောင်းကို ပျက်စီးစေသည်ဟု Lily Allen ဆို


မတ် ၁၃

ဗြိတိန်ပေါ့ပ်အဆိုတော် Lily Allen သည် ကလေးငယ်များသည် သူမဘဝအတွက် ပြီးပြည့်စုံစေသည်ဟုဆိုသော်လည်း သူမ၏ အသက်မွေးဝမ်းကြောင်းကို လုံးဝပျက်ပြားစေသည်ဟုဆိုသည်။

ရေဒီယို Times ၏ ပေါ့တ်ကာစ်အစီအစဉ်တွင် ကလေးမွေးပြီးနောက် သူမ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဗျူဟာအား ပြန်လည်စဉ်းစားရန် အစီအစဉ် ရှိမရှိ မေးမြန်းသောအခါ Allen မှ အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်ပြီး မိမိတွင် ဗျူဟာတကယ်မရှိကြောင်း ၎င်း၏ သားသမီးများမှ အသက်မွေးဝမ်းကြောင်းကို ဖျက်ဆီးပစ်ခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

သူမအနေဖြင့် ကလေးများကိုချစ်ပြီး ကလေးငယ်များက သူမအတွက် ပြီးပြည့်စုံစေသည်မှာ မှန်သော်လည်း ၎င်း၏ အနုပညာလုပ်ငန်းနှင့်ပတ်သက်ပါက လုံးဝ ပျက်စီးခဲ့ကြောင်း အဆိုပါ အင်တာဗျူးတွင် ရယ်မောစွာ ပြောဆိုခဲ့သည်။

Lily Allen သည် ဗြိတိန်တွင် ထိပ်တန်းအဆိုတော်တစ်ဦးဖြစ်ပြီး သူမ၏ ပွဲဦးထွက် အယ်လ်ဘမ်ဖြစ်သည့် “Alright Still” “Smile” “LDN” တို့သည် သူမကို ကျော်ကြား အောင်မြင်စေခဲ့သည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN