ကနီမြို့ အား မြို့သိမ်းတိုက်ပွဲ ဆင်နွဲသော အကြမ်းဖက် KIA/PDF ပူးပေါင်းအဖွဲ့ အများအပြားကျဆုံး


မတ် ၁၃

ကနီမြို့ အား မြို့သိမ်းတိုက်ပွဲ ဆင်နွဲသော အကြမ်းဖက် KIA/PDF ပူးပေါင်းအဖွဲ့ အများအပြားကျဆုံး


မတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ကို အကြမ်းဖက် KIA/PDF ပူးပေါင်းအဖွဲ့ အင်းအား ၂၀၀၀ ကျော်ခန့်သည် မြို့သိမ်းတိုက်ပွဲကို ၅ ရက်တာ ရည်မှန်းချက်ထားရှိပြီး မတ်လ ၂ ရက်နေ့နံနက် ၅ နာရီအချိန်မှစတင်၍ ပြင်းထန်စွာ တိုက်ပွဲစတင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်ဖွဲ့တို့၏ မြို့သိမ်းတိုက်ပွဲသည် မြို့ခံလုံခြုံရေးအဖွဲ့နှင့် အပြန်လှန်ပစ်ခတ်မှုပြင်းထန်ပြီး နှစ်ဖက်ပစ်ခတ်မှု ၁၁ ရက်တာအထိကြာရှည်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကို လေကြောင်းပစ်ကူရယူ၍ အကြမ်းဖက် KIA/PDF တို့ကို ချေမှုန်းရှင်းလင်းရာ မတ်လ ‌၁၂ ရက်နေ့ မွန်းလွဲပိုင်အချိန်တွင် ချေမှုန်းရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် အကြမ်းဖက်အဖွဲ့များက ၎င်းတို့၏ ကျဆုံးအလောင်းများကို ညအချိန်တွင် ကောက်ယူဆွဲထုတ်ကြကြောင်းနှင့် ဒဏ်ရာရသူများကို သမင်ခြံရွာရှိ PDF ဆေးရုံ၊ တွင်းမကျေးရွာရှိ PDF ဆေးရုံနှင့် ဝင်မနာကျေးရွာရှိ PDF ဆေးရုံးများတွင် ဒဏ်ရာရ PDFများကို ဆေးကုသပေးနေပြီး ဆေးဝါမလုံလောက်မှုရှိသည် အထိရှိနေကြောင်း ဒေသခံများထံမှ ကြားသိရသလို စစ်ဘေးတိမ်းရှောင် ပြည်သူများကလည်း အကြမ်းဖက်အလောင်းများကို ကျော်ခွပြေးနေရပြီး ရာနှင့်ချီ၍ သေဆုံးမှုရှိကြောင်း စစ်ရှောင်ပြည်သူ တဦးထံမှ သိရှိရသည်။

အကြမ်းဖက်များမြို့ကို ဆုတ်ခွာထွက်ပြေးပြီး မြို့အတွင်းရှင်းလင်းရေးဆောင်ရွက်ရာ ၎င်းတို့ ဆွဲမထုတ်နိုင်ပဲကျန်ခဲ့သာ အကြမ်းဖက် PDF ၆ လောင်း၊ အမ်-၂၂ သေနတ် ၃ လက်၊ စနိုက်ဘာသေနတ် ၁ လက်၊ အမ်-၇၉ သေနတ် ၁ လက်၊ ပြောင်းချောရိုင်ဖယ်သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ အမ်-၂၂ ကျည် ၁၀ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN