SS Rice New Convention 2024 သို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တက်ရောက်


မတ် ၁၂

ဗီယက်နမ်နိုင်ငံ Da Nang မြို့တွင် ၂၀၂၄ ခုနှစ် မတ်လ (၆) ရက်နေ့မှ (၈)ရက်နေ့အထိ ကျင်းပသည့် SS Rice New Convention 2024 သို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် (၂၁)ဉီး တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

SS Rice New Convention 2024 သို့ တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ EU နိုင်ငံများ၊ ဖိလစ်ပိုင်နိုင်ငံ၊ အာဖရိကနိုင်ငံများနှင့် နိုင်ငံတကာမှ ဆန်ဝယ်ယူသည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ ပါဝင် တက်ရောက်ခဲ့ပြီး၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှ ဆန်ရောင်းချသည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ Convention တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်ဦးမှ (၇.၃.၂၀၂၄) ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဆန်စပါးအခြေအနေများနှင့် ပတ်သက်ပြီး “Key Updates on Myanmar 2023-2024” ခေါင်းစဉ်ဖြင့် Presentation တင်ပြရှင်းလင်းခြင်းနှင့် နိုင်ငံတကာကိုယ်စားလှယ်များ ဖြင့်လည်း ကမ္ဘာ့ဆန် စျေးကွက် အခြေအနေများနှင့်စပ်လျဉ်း၍ Panel Discussion တွင် ပါဝင်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN