၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ လပွတ္တာခရိုင်တွင် ကျောင်းသား/ကျောင်းသူ(၆၃၂)ဦး ဝင်ရောက်ဖြေဆိုလျှက်ရှိ


မတ် ၁၂

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ လပွတ္တာခရိုင်တွင် ကျောင်းသား/ကျောင်းသူ(၆၃၂)ဦး ဝင်ရောက်ဖြေဆိုလျှက်ရှိ


မတ် ၁၂

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အတွင်းရှိ စာစစ်ဌာန(၇)ခုမှ ကျောင်းသား/သူ(၆၃၂)ဦးဝင်ရောက်ဖြေဆိုလျှက်ရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ (၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ဇီဝဗေဒ/ဘောဂဗေဒ၊ လူမှုရေးသိပ္ပံ၊ စိတ်ကြိုက်မြန်မာစာ စသည့် ဘာသာရပ်များကို ဖြေဆိုကြရာမည်ဖြစ်ရာ လပွတ္တာခရိုင်အတွင်းရှိ အ.ထ.က (၁) လပွတ္တာ စာစစ်ဌာနတွင် ၃၅၈ ဦး၊ အ.ထ.က ၃ မိုင်စာစစ်ဌာနတွင် ၆၈ ဦး၊ အ.ထ.က ကြာကန် စာစစ်ဌာနတွင် ၆၂ ဦး၊ အ.ထ.က ကန်ဘက် စာစစ်ဌာနတွင် ၇၃ ဦး၊ အ.ထ.က ဘီတွတ် စာစစ်ဌာနတွင် ၂၂ ဦး၊ အ.ထ.က ပြင်စလူ စာစစ်ဌာနတွင် ၂၀ ဦး၊ အ.ထ.က ပိုးလောင်း စာစစ်ဌာနတွင် ၂၉ ဦး၊ ၎င်း စာစစ်ဌာန(၇)ခု၊ စာဖြေသူ စုစုပေါင်း (၆၃၂)ဦးရှိကြောင်း သိရသည်။

လပွတ္တာခရိုင် စာစစ်ဌာန(၇)ခု၌ ဖြေဆိုရန် စာရင်းသွင်းထားရှိသူ (၆၄၉)ဦးရှိခဲ့ရာ လာရောက်ဖြေဆိုသူ(၆၃၂)ဦးရှိပြီး ပျက်ကွက်သူမှာ(၁၇)ဦးရှိကြောင်း သတင်းရရှိသည်။ စာမေးပွဲအား ဝင်ရောက်ဖြေဆိုသူ (၉၇.၃၉)ရာခိုင်နှုန်းရှိကြောင်းသိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN