လိပ်သိုဒေသတွင် Robusta ကော်ဖီစေ့များ ဈေးကောင်းရနေ


မတ် ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် Robusta ကော်ဖီစေ့များ ဒေသအခေါ် ကော်ဖီအသေးများ ယခုနှစ်တွင် ဈေးကောင်းရရှိလာ၍ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် သိုလှောင်ရောင်းဝယ်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ယခင်က ဒေသထွက် Robusta ကော်ဖီစေ့တစ်ပိဿာလျှင် (၁၂၀၀ဝိ/-) ကျပ်အထိသာ ဈေးရရှိခဲ့ပြီး ယခုနှစ်တွင် ကော်ဖီစေ့တစ်ပိဿာလျှင် (၁၄၅၀ဝိ/-) ဈေးအထိ ရရှိလာခြင်းဖြစ်ကာ အာရေဗီးကား ကော်ဖီစေ့များကဲ့သို့ တစ်ပိဿာလျှင် (၁၆၀၀ဝိ/-) ကျပ် အထိ ဈေးရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

Robusta ကော်ဖီစေ့များ ဈေးကောင်းရရှိလာသောကြောင့် ဒေသခံတောင်သူများအနေဖြင့် လာမည့် စိုက်ပျိုးရာသီတွင် Robusta နှင့် အာရေဗီးကား ကော်ဖီမျိုး (၂) မျိုးလုံးကို တိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိနေပြီး ကော်ဖီပျိုးပင်များ ပျိုးထောင်ခြင်း၊ ပျိုးပင်များလုံလောက်စွာရရှိရေး ကြိုတင်မှာယူမှုများရှိနေပြီး စိုက်ပျိုးရန် ဥယျာဉ်ခြံမြေများကို ခုတ်ထွင်ရှင်းလင်းမှုများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN