ရွေးကောက်ပွဲ၌ ထရမ့်ပြန်လည်အနိုင်ရရှိပါက အမေရိကန်က နေတိုးမှ နုတ်ထွက်နိုင်သောကြောင့် နေတိုး တပ်ဖွဲဝင်နိုင်ငံများအနေဖြင့် ကြိုတင်ပြင်ဆင်သင့်ဟုဆို


မတ် ၁၂

ရွေးကောက်ပွဲ၌ ထရမ့်ပြန်လည်အနိုင်ရရှိပါက အမေရိကန်က နေတိုးမှ နုတ်ထွက်နိုင်သောကြောင့် နေတိုး တပ်ဖွဲဝင်နိုင်ငံများအနေဖြင့် ကြိုတင်ပြင်ဆင်သင့်ဟုဆို


မတ် ၁၂

အမေရိကန်ပြည်ထောင်စုတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ သမ္မတဟောင်း ဒေါ်နယ်ထရမ့် အနိုင် ရရှိပြီး ပြန်လည်အရွေးခံရပါက နေတိုးတပ်ဖွဲမှ အမေရိကန်နုတ်ထွက်နိုင်သောကြောင့် နေတိုးတပ်ဖွဲဝင်နိုင်ငံများ အနေဖြင့် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ဗြိတိန်နိုင်ငံထုတ် သတင်းစာကြီးတစ်စောင်က ဖော်ပြသည်။

ထိုပြင် နေတိုးတပ်ဖွဲဝင်နိုင်ငံများအနေဖြင့် ထိုသိုသော အခြေအနေမျိုးနှင့် ရင်ဆိုင်နိုင်ရေးအတွက် မဟာဗျူဟာအချိုကို ပြင်ဆင်ထား၍ အဖွဲကြီး၏ကာကွယ်ရေးစွမ်းဆောင်ရည်ကိုလည်း ပြန်လည်သုံးသပ်သင့်ကြောင်း The Telegraph သတင်းစာက နေတိုးတပ်ဖွဲဝင်နိုင်ငံအချိုမှ သံတမန်များ၏ပြောကြားချက်ကို ကိုးကား၍ မတ်လ ၉ ရက်တွင် ဖော်ပြခြင်းဖြစ်သည်။

အမေရိကန်တွင် ယခုနှစ်နိုဝင်ဘာလအတွင်း ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ သမ္မတဟောင်း ဒေါ်နယ်ထရမ့် က လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်နှင့် ရင်ဆိုင်ရဖွယ်ရှိပြီး ထရမ့်အား သမ္မတအဖြစ် ပြန်လည် ရွေးကောက်ခဲ့ပါက အစိုးရသစ်အဖွဲသည် အမေရိကန်အား နေတိုးအဖွဲမှနုတ်ထွက်နိုင်ကြောင်း အမေရိကန် အရာရှိအချိုကလည်း အစောပိုင်းတွင် ပြောကြားထားသည်။

အမေရိကန်အစိုးရသည် နေတိုးတပ်ဖွဲဝင်နိုင်ငံ အဖြစ်မှ နုတ်ထွက်နိုင်ကြောင်းကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း မာ့ခ်အက်စ်ပါ က ၂၀၂၃ ခုနှစ်အတွင်း ၌ ကြိုတင်ခန့်မှန်းပြောကြားခဲ့ပြီး နေတိုးတပ်ဖွဲမှ အမေရိကန်နုတ်ထွက်မည်ဆိုပါက နေတိုးတပ်ဖွဲပြိုကွဲမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN