ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးလို့ အာရှချန်ပီယံလိဂ်က ထွက်ရတဲ့ အယ်လ်နာဆာ

မတ် ၁၂

စီရော်နယ်လ်ဒို၏ အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရကြောင်း သိရပါတယ်။

ပထမအကျော့တွင် ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ထားသည့် အယ်လ်နာဆာအသင်းသည် မိနစ် ၉၀ အပြီး ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အချိန်ပို မိနစ် ၃၀ ကစားရာ တစ်ဂိုးစီ သရေထပ်ဖြစ်သော ကြောင့် နှစ်ကျော့ပေါင်း ၄-၄ ဂိုးဖြင့် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

အချိန်ပို၌ စီရော်နယ်လ်ဒိုက ပွဲချိန် ၁၁၈ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ချေပဂိုး သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။

ပယ်နယ်တီအဆုံးအဖြတ်တွင် အယ်လ်နာဆာအသင်းမှ စီရော်နယ်လ်ဒိုသာ ပယ်နယ်တီဝင်ပြီး ဘရိုဇိုဗစ်၊ တဲလက်စ်နှင့် အော်တာဗီယိုတို့ ဂိုးမဝင်သောကြောင့် ၁-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။