တရုတ်နိုင်ငံတွင် ကျောက်မီးသွေးတွင်း မတော်တဆမှုဖြစ်ပေါ်ကာ လူ ၁၂ ဦးသေဆုံး


မတ် ၁၂

တရုတ်နိုင်ငံတွင် တစ်ရက်အတွင်း ကျောက်မီးသွေးတွင်းပြိုကျမှု ၂ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၁၂ ဦးအထိ သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV သတင်းဌာနက ဖော်ပြသည်။
တရုတ်နိုင်ငံ Shanxi ပြည်နယ် Zhongyang စီရင်စုရှိ ကုမ္ပဏီတစ်ခုမှ ပိုင်ဆိုင်သည့် မြေအောက် ကျောက်မီးသွေးကျင်းတစ်ခု တနင်္လာနေ့ ညဦးပိုင်းက ပြိုကျခဲ့ပြီး လူ ၅ ဦးသေဆုံးကာ ၂ ပျောက်ဆုံးနေကြောင်းသိရသည်။

အဆိုပါ ကျောက်မီးသွေးကျင်းအား Taoyuan Xinlong Coal Industry Co Ltd မှ ပိုင်ဆိုင်ပြီး ယခုအခါ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။
ထို့အပြင့် တရုတ်နိုင်ငံအရှေ့ပိုင်း Anhui ပြည်နယ်ရှိ Huaihe Energy ကျောက်မီးသွေးတွင်းမှာလည်း ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး လူ ၇ ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးနေကြောင်း တနင်္လာနေ့ညနေပိုင်းတွင် CCTV သတင်းဌာနမှ ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ကျောက်မီးသွေးမိုင်းတွင်း မတော်တဆမှုများကြောင့် လူသေဆုံးမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး တရုတ်အစိုးရ၏ မိုင်းတွင်းဆိုင်ရာ ဘေးကင်းရေးစီမံခန့်ခွဲရေး တာဝန်ရှိသူတစ်ဦးမှ အဆိုပါဖြစ်စဉ်များသည် ထင်ရှားသည့် ပြဿနာများအဖြစ်ရှိနေပြီး တည်ဆဲဥပဒေများကို ပြန်လည်ပြင်ဆင်ရန် တိုက်တွန်းထားသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN