ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ငါးသယ်လှေတစ်စီးအား တပ်မတော်ရေက ကယ်ဆယ်


မတ် ၁၂
ကော့သောင်းမြို့၏ အနောက် တောင်ဘက်ရေမိုင် ၃.၈ မိုင်အကွာ၌ ငွေလရောင်အမည်ရှိ ငါးသယ်လှေတစ်စီး ရေဝင် နစ်မြုပ်နေကြောင်း ဒေသခံငါးဖမ်းလှေများ၏ သတင်းပေးပို့ချက်အရ တပ်မတော် (ရေ) မှသွရောက်ကူညီကယ်ဆယ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှတပ်ဖွဲ့ဝင်များသည် မတ်လ ၁၁ ရက် ည ၈ နာရီ ၃၅ မိနစ်ခန့်တွင် ရေဝင်နစ်မြုပ်နေသည့် လှေအားတွေ့ရှိခဲ့ပြီး လှေပေါ်တွင် လိုက်ပါလာသော လှေသား ၁၀ ဦးအား တပ်မတေ.်ရေယာဉ်ပေါ် ကယ်ဆယ်ယူခဲ့ကြောင်းသိရသည်။

ကယ်ဆယ်ခဲ့သည့် ​​လှေသားများအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများထောက်ပံ့ခဲ့ကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews