လူငယ်ကစားသမား မိန်နူးကို လက်ရှိလစာ၏သုံးဆတိုးပေးလိုက်တဲ့ မန်ယူ

မတ် ၁၁

မန်ယူအသင်းဟာ လူငယ်ကွင်းလယ်ကစားသမား မိန်နူးကို လက်ရှိလစာ၏ (၃)ဆနှုန်းထားဖြင့် သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

အသက်၁၈နှစ်အရွယ်ရှိ မိန်နူး၏ လက်ရှိစာချုပ်မှာ ၂၀၂၆ ခုနှစ်အထိဖြစ်ပြီး တစ်ပတ် ပေါင်(၂၀၀၀၀)ရရှိနေပါတယ်။ အဆိုပါကစားသမားဟာ ယခုရာသီတွင် မန်ယူအသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် မန်ယူအသင်းက သက်တမ်းတိုးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပါတယ်။

စာချုပ်သစ်မှာ ၂၀၃၀ ခုနှစ်အထိဖြစ်ပြီး မိန်နူးအနေဖြင့် တစ်ပတ်ပေါင်(၆၀၀၀၀)အထိ တိုးမြင့်ရရှိသွားမည်ဖြစ်ကြောင်း သိရပါတယ်။