မတ်လ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို မတ်လ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၁၀၄၂)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။
ဘားအံမြို့နယ်တွင် အ-ထ-က(၁)စာစစ်ဌာန၊ အ-ထ-က(၂)စာစစ်ဌာနနှင့် အ-ထ-က(၄)စာစစ်ဌာန တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အ-ထ-က(၁)စာစစ်ဌာနတွင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၄၃၈)ဦး၊ အ-ထ-က (၂)စာစစ်ဌာနတွင် ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ(၂၅၇)ဦး၊ အ-ထ-က(၄)စာစစ်ဌာနတွင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၃၄၇)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ(၁၀၄၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။