FIFA FIFPRO Men’s World 11 ဆုများကို မန်စီးတီးကစားသမားများ လက်ခံရရှိ

မတ် ၈

အာဆင်နယ်ဂန္ထဝင်နည်းပြဟောင်း အာစင်ဝင်းဂါးဟာ FIFA FIFPRO အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ မန်စီးတီးကစားသမားတွေကိုဆုပေးအပ်ဖို့ ကြာသပတေးနေ့က မန်စီးတီးအသင်းထံ သွားရောက်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက သမိုင်းဝင်ဆုဖလား(၃)လုံးဆွတ်ခူးခဲ့တာကြောင့် FIFA FIFPRO အကောင်းဆုံးအသင်းမှာ ကစားသမား(၆)ဦးပါဝင်တဲ့အထိ လွှမ်းမိုးခဲ့ပါတယ်။

ဟာလန်း၊ ဒီဘရိုင်း၊ ဘာနာဒိုဆေးလ်ဗား၊ ရူဘင်ဒီယက်ဇ်၊ ဝေါလ်ကာနဲ့ ဂျွန်စတုန်းစ်တို့က FIFA FIFPRO ဆုများကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။