မတ် ၈
AFC Futsal Asain Cup 2024 ပြိုင်ပွဲအား လာမည့် ဧပြီလ (၁၇ )ရက်မှ (၂၈)ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် အိမ်ရှင် ထိုင်း၊ ဗီယက်နမ်၊ တရုတ်အသင်းတို့နှင့် တစ်အုပ်စုတည်းတွင် တွေ့ဆုံလျှက်ရှိကြောင်း သိရပါတယ်။
အဆိုပါ ပြိုင်ပွဲအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Huamark Stadium နှင့် Bangkok Arena တို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါတယ်။
ပြိုင်ပွဲတွင် အုပ်စု(၄)စု ခွဲထားပြီး၊ အုပ်စု(က)တွင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်တို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။
အလားတူ အုပ်စု(ခ)တွင် ဥဇ္ဇဘတ်ကစ္စတန်၊ ဆော်ဒီအာရေဗီးယား၊ အီရတ်နှင့် ဩစတြေးရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားကြရမည်ဖြစ်ကာ၊ အုပ်စု (ဂ)တွင် ဂျပန်၊ တာဂျစ်ကစ္စတန်၊ ကိုရီးယားနှင့် KYRGYZ Republic အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါတယ်။
ထို့အတူ အုပ်စု (ဃ)တွင် အီရန်၊ ကူဝိတ်၊ BAHRAIN နှင့် အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရပါတယ်။