အမေရိကန်မှာ ပစ်ခတ်မှုဖြစ်ပြီး ဆယ်ကျော်သက် ကျောင်းသား ၈ ဦးသေဆုံး


မတ် ၇

အမေရိကန်နိုင်ငံ၊ ဖီလာဒဲလ်ဖီးယားအရှေ့မြောက်ပိုင်းတွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အသက် ၁၅ နှစ်မှ ၁၇ နှစ်ကြား ကျောင်းသား ၈ ဦးနေရာတွင်သေဆုံးခဲ့ကြောင်းသိရသည်။

ယမန်နေ့ ဗုဒ္ဓဟူးနေ့က Cottman Avenue နှင့် Rising Sun ရိပ်သာလမ်းဆုံရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခု စောင့်ဆိုင်းနေချိန်တွင် အသင့်စောင့်ဆိုင်းနေသည့် မော်တော်ယာဉ်တစ်စီးအတွင်းမှ လူသုံးဦးထွက်လာကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ခိုက်ခံရသူ ကျောင်းသား ကျောင်းသူများတွင် သေနတ်ဒဏ်ရာ ၉ ချက် ရရှိခဲ့သည့် လူငယ်သည်လည်း စိုးရိမ်ဖွယ်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။
လာဒဲလ်ဖီးယားမြို့တော်ဝန်နှင့်ရဲတပ်ဖွဲ့တာဝန်ရှိသူမှ ယခုကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုများကို တိုက်ဖျက်ရန် တရားဥပဒေစိုးမိုးရေး အရင်းအမြစ်များ ပိုမိုသုံးစွဲသွားမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

အမေရိကန်တွင် ယခုနှစ် ပထမ ၆၆ ရက်အတွင်း ယခုကဲ့သို့ အစုလိုက်အပြုံလိုက်ပစ်ခတ်မှု ၇၁ မှုအထိ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN