သေဆုံးသူ ရုရှား အတိုက်အခံခေါင်းဆောင်၏ဇနီးနှင့် ယူကရိန်းသမ္မတကတော်တို့အား အမေရိကန်က အိမ်ဖြူတော်သို့ဖိတ်ကြား


မတ် ၇

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အကျဉ်းထောင်အတွင်း သေဆုံးခဲ့သည့် ရုရှားအတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်သည့် Alexei Navalny ၏ ဇနီးဖြစ်သူ Yulia Navalnaya နှင့် ယူကရိန်းသမ္မကတော် Olena Zelenska တို့ကို အိမ်ဖြူတော်ကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

သို့သော်လည်း အိမ်ဖြူတော်၏ သတင်းထုတ်ပြန်ရေး အတွင်းရေးမှူးဖြစ်သူ Karine Jean-Pierre မှ အသေးစိတ်အချက်အလက်များကို ဖြေကြားခဲ့ခြင်းမရှိပါ။

အဆိုပါဖိတ်ကြားမှုနှင့် ပတ်သက်၍ ရုရှားအတိုက်အခံခေါင်းဆောင်၏ ဇနီး Yulia Navalnaya မှ တစ်စုံတရာ တုန့်ပြန်ခြင်းမရှိသော်လည်း ယူကရိန်းသမ္မကတော် Olena Zelenska က အဆိုပါဖိတ်ကြားမှုအားငြင်းဆန်ခဲ့သည်။

ယူကရိန်းနိုင်ငံအား နောက်ထပ်အကူအညီများပေးပို့သွားရန် ဘိုင်ဒန်က ကွန်ဂရက်ကို ဖိအားပေးမည်ဟု အိမ်ဖြူတော်က ထည့်သွင်းထုတ်ပြန်ထားသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN