သဗ္ဗညုဘုရားအား အကြီးစားပြုပြင်မည်


မတ် ၇

မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ သဗ္ဗညုဘုရားကို ငလျင်ဒဏ်ခံနိုင်ဖို အဆောက်အအုံရဲ့ ကြံ့ခိုင်မှုပိုင်းကို ရှေးမူမပျက်ပြုပြင်ထိန်းသိန်းမှုတွေ အခုနှစ်မှာ စတင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဒဏ်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်း ဘုရားစေတီပုထိုး ၃၈၉ ဆူ အထိ ထိခိုက်ပျက်စီးခဲ့ပြီး သဗ္ဗညုဘုရားကလွဲလို ကျန်တဲ့ဘုရားစေတီပုထိုး ၃၈၈ ဆူကို ပြုပြင်ထိန်းသိမ်းမှုတွေ ဆောင်ရွက်ထာပြီး ဖြစ်တယ်လို ဆိုပါတယ်။

သဗ္ဗညုဘုရားကို ၂၀၁၉ ခုနှစ်မှာ ယာယီပြုပြင်ထိန်းသိမ်းမှုတွေ စတင်ဆောင်ရွက်ခဲ့ပြီး အခုနှစ်မှာ အကြီးစား ပြုပြင်ထိန်းသိန်းမှုတွေ စတင်ဆောင်ရွက်သွားဖို စီစဉ်ထားတယ်လို သိရပါတယ်။

အဲဒီလိုဆောင်ရွက်ရာမှာ သဗ္ဗညု ဘုရားအဆောက်အအုံရဲ့ တတိယထပ်နဲ့ စတုတ္ထထပ်လိုဏ်ပတ်လမ်းအတွင်း အက်ကွဲကြောင်း ဖြစ်ပေါ်မှုတွေကို ဦးစားပေးပြုပြင်မှာဖြစ်ပြီး နံရံဆေးရေးပန်းချီတွေနဲ့ အင်္ဂတေပန်းတွေကို ပြုပြင်ထိန်းသိမ်းဖို မဟာဗျူဟာရေးဆွဲ ဆောင်ရွက်မှာ ဖြစ်တယ်လို သိရပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN