မတ်လ ၇
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာအုပ်စု၊ ဘီးလင်း - တောင်စွန်း ကားလမ်းမဘေးရှိ ကော့ကဒွတ်ကျေးရွာ အုပ်ချူပ်ရေးမှူးရုံးအား ယနေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်ခန့်က KNU / PDF အကြမ်းဖက်သမားများမှ ကော့ကဒွတ်ကျေးရွာ အုပ်ချူပ်ရေးမှူးရုံးအား မိုင်းထောင်ဖောက်ခွဲခဲ့ကြကြောင်း သိရှိရသည်။
မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကျေးရွာအုပ်ချူပ်ရေးမှူးရုံးမှာ အမိုးအကာများ ပျတ်စီးခဲ့ပြီး လူသူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။
ဘီးလင်းမြို့နယ်အတွင်းရှိ လမ်းတံတားများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် ရုံးများ၊ အပြစ်မဲ့ အရပ်သားပြည်သူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ ပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက်ဂိုဏ်းဂဏစွဲ အပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews
Like, Share, Follow, Subscribe, Join