ဗဟိုဘဏ်က ယွမ် ၇ သန်းနှင့် ဘတ် ၁၂ သန်းရောင်းချ


မတ် ၇

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို နိုင်ငံခြားငွေကြေးဈေးကွက် Online Trading Platform ကတစ်ဆင့် တရုတ်ယွမ် ၇ သန်း နဲ့ ထိုင်းဘတ် ၁၂ သန်းကို မတ်လ ၅ ရက်မှာ ရောင်းချပေး လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါဟာ အခုမတ်လအတွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို ဒုတိယအကြိမ်မြောက် ထုတ်ရောင်းခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀ သန်း၊ တရုတ်ယွမ် ၇ သန်း နဲ့ ထိုင်းဘတ် သန်း ၂၀၀ ကျော်အထိ ရောင်းချပေးပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလို နိုင်ငံခြားငွေတွေ တရားဝင် ထုတ်ရောင်းပေးတဲ့အတွက်လည်း ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့လည်း နိုင်ငံခြားငွေ ဝယ်ယူရေး အခက်အခဲကို အထိုက်အလျောက် ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို သိရပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက အမေရိကန်ဒေါ်လာ သန်း ၇၀ နီးပါး နဲ့ ထိုင်းဘတ် သန်း ၃၀၀ ၊ ဖေဖော်လဝါရီလက အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် နဲ့ ထိုင်းဘတ် သန်း ၈၅၀ အထိ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN