နိုင်ငံပိုင်နက်အနီးသို ချဉ်းကပ်လာသည့် ပြင်သစ်လေယာဉ်များအား ဟန့်တားရန် ရုရှားက တိုက်လေယာဉ် တစ်စင်း စေလွှတ်


မတ်လ ၇

နိုင်ငံ၏ ဝေဟင်ပိုင်နက်အနီးသို ချဉ်းကပ်လာသည့် ပြင်သစ်စစ်လေယာဉ်များအား ဟန့်တားရန်အတွက် ရုရှားအစိုးရက Su-27 တိုက်လေယာဉ်တစ်စင်းကို စေလွှတ်ခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ပြင်သစ်ပိုင် စစ်လေယာဉ် သုံးစင်းသည် ရုရှားနိုင်ငံ၏ ဝေဟင်ပိုင်နက်အနီးသို မတ်လ ၅ ရက်က ချဉ်းကပ် လာခြင်းဖြစ်ပြီး ၎င်းလေယာဉ်များကို ပင်လယ်နက်ဒေသရှိ ရုရှားရေဒါများက ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်စစ်လေယာဉ်များသည် ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲမှ Su-27 တိုက်လေယာဉ်ကို မြင်တွေ့ပြီးနောက် နောက်ကြောင်း ပြန်လှည့်သွားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ TASS သတင်းအေဂျင်စီ က ဖော်ပြသည်။

ရုရှားနိုင်ငံ၏ ပိုင်နက်အနီးသို ချဉ်းကပ်ရန် ကြိုးပမ်းခဲ့သည့် ပြင်သစ်စစ်လေယာဉ်များအနက် တစ်စင်းမှာ E-3F အမျိုးအစားလေကြောင်းရန် သတိပေးရေးနှင့် ထိန်းချုပ်ရေး လေယာဉ်ဖြစ်ပြီး အခြားနှစ်စင်းမှာ ပြင်သစ်လေကြောင်းနှင့် အာကာသတပ်ဖွဲမှ Rafale-C ဘက်စုံသုံး လေယာဉ် များ ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN