ကုန်စျေးနှုန်းသတင်း


မတ် ၇

မတ်လ ၇ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲဈေး ဆက်တိုက် မြင့်တက်နေသလို ကုလားပဲနဲ့ ပဲစဉ်းငုံနီဈေးတွေလည်း တက်လာပါတယ်။

ပဲလွန်းဖြူနဲ့ ပဲတီစိမ်းဈေးတွေ ကျဆင်းလာပြီး ပြောင်းဆန်နဲ့ ဘိုကိတ်ပဲ‌ဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီဈေးတွေ ဈေးငြိမ်နေသလို အာလူးနဲ့ မန်ကျည်းသီးဈေးတွေလည်း ဈေးငြိမ်နေပါတယ်။

မတ်ပဲ (FAQ/RC) တစ်တင်းကို ၉၈,၃၈၉ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၁၀၅,၇၅၀ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၄,၉၃၀ ကျပ်ကနေ ၄,၉၇၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၂၇,၁၈၉ ကျပ်၊ ကုလားပဲဖြူလုံးအသေး တစ်ပိဿာကို ၄,၂၅၀ ကျပ်ကနေ ၄,၃၃၅ ကျပ်၊ ကုလားပဲဖြူလုံးအကြီး တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၃,၆၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၈၆၅ ကျပ်ကနေ ၅,၃၁၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၀၅၀ ကျပ်ကနေ ၁,၀၇၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၂,၈၃၀ ကျပ်ကနေ ၃,၉၁၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၅,၈၃၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၄၁၅ ကျပ်ကနေ ၃,၅၈၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၂,၁၀၀ ကျပ်ကနေ ၃,၇၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၉,၈၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ ငရုတ် (ပန်းရဲ) တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၁,၈၀၀ ကျပ်ကနေ ၂,၂၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၁၅၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၁,၉၀၀ ကျပ်ကနေ ၄,၈၀၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၁၅,၀၀၀ ကျပ်ကနေ ၃၀,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက် အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၇၀ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၃,၆၃၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၂,၇၁၀ ကျပ် ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ် ထုတ်ပြန်ချက်အရ –
-Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၇၁၅ ကျပ်၊ မန္တလေးမှာ ၂,၇၆၅ ကျပ်၊ နေပြည်တော်မှာ ၂,၇၆၀ ကျပ်။
-Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၈၃၅ ကျပ်၊ မန္တလေးမှာ ၂,၈၈၅ ကျပ်၊ နေပြည်တော်မှာ၂,၈၈၀ ကျပ်။
-ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၄၈၅ ကျပ်၊ မန္တလေးမှာ ၂,၅၃၅ ကျပ်၊ နေပြည်တော်မှာ ၂,၅၃၀ ကျပ်။
-Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၂၅ ကျပ်၊ မန္တလေးမှာ ၂,၅၇၅ ကျပ်၊ နေပြည်တော်မှာ၂,၅၇၀ ကျပ် ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၃,၇၉၈,၅၀၀ိ/-) သုံးဆယ် ခုနစ်သိန်း ကိုးသောင်း ရှစ်ထောင် ငါးကျပ် ရှိပြီး ပြင်ပ ပေါက်ဈေးမှာ ကျပ်သိန်း (၄,၀၂၀,၀၀၀ိ/-) လေးဆယ် နှစ်သောင်း ကျပ် ရှိနေတယ်လို သိရပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN