လိပ်သိုမရမ်းထွက်ချိန် ရင့်မှည့်ချိန်နှင့်တိုက်ဆိုင်၍ စျေးနှုန်းကျဆင်းနေ


မတ် ၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် မရမ်းသီးများသည် ယခုအချိန်တွင် အသီးများလှိုင်လှိုင်ထွက်ရှိနေသော်လည်း ရင့်မှည့်ချိန်နှင့်တိုက်ဆိုင်နေသည့်အတွက် ဈေးနှုန်းကျဆင်းနေကြောင်း သိရသည်။

လိပ်သိုဒေသတွင် မရမ်းသီးကင်းများကို ဝယ်ရောင်းသူပွဲစားများက အရွယ်အစား အလိုက် တစ်ပိဿာကို (၂၅၀ဝိ/-) ကျပ်မှ (၅၀၀ဝိ/-) ကျပ်အထိသာဝယ်ယူပြီး ဒေသတွင်း သာမက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ လိပ်သိုမြို့နှင့်ထိစပ်လျက်ရှိသော မြို့နယ်၊ ကျေးရွာများသို့ နေ့စဉ်ပို့ဆောင်ရောင်းချလျက်ရှိကြောင်းသိရသည်။

မရမ်းသီးကင်းများသည် ဟင်းလျာအဖြစ် နှစ်သက်စွာ စားသုံးလျက်ရှိပြီး ဒေသခံ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းအတွင်းရှိ မြေလွတ်နေရာများတွင်လည်းကောင်း၊ ဥယျာဉ်ခြံမြေများတွင်လည်းကောင်း အခြားနှစ်ရှည်ပင်များနှင့် ရောနှောကာ စိုက်ပျိုးထား လျက်ရှိသည်

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN