လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်ကို ၁၀မှတ်ဖြတ်ထားတဲ့ နည်းပြအလွန်ဆိုရဲ့ လေဗာကူဆင်

မတ် ၅

ရိုင်းဒါဘီပွဲမှာ လေဗာကူဆင် က ဆယ်ယောက်ကျန် ကိုလုံး ကို နှစ်ဂိုး-ဂိုးမရှိ နဲ့ အနိုင်ယူပြီး ဘွန်ဒက်စ်လီဂါထိပ်ဆုံးကနေ ၁၀မှတ်ဖြတ်ထားပါတယ်။

ဒုတိယနေရာ က လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ် က သောကြာနေ့မှာ ဖရိုင်းဘတ် နဲ့ နှစ်ဂိုးစီ သရေကျခဲ့တာကြောင် နည်းပြ ဇာဗီအလွန်ဆိုရဲ့ အဖွဲ့သားတွေက သူတို့ရဲ့ဦးဆောင်အမှတ်ကို ထပ်မံတိုးမြှင့်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲစုံ ၃၄ ပွဲ ရှုံးပွဲမရှိဘဲ ဂျာမနီစံချိန်ကို ထပ်ပြီး ချိုးခဲ့တဲ့ နည်းပြ ဇာဗီအလွန်ဆိုရဲ့ လေဗာကူဆင် က ၆၄ မှတ် ရထားပြီး ဒုတိယနေရာက ဘိုင်ယန် က ၅၄ မှတ်ပဲရထားပါတယ်။