သမ္မတဟောင်းထရမ့် ပါတီတွင်းပြိုင်ဘက် နစ်ကီဟာလေကို ဝါရှင်တန်ဒီစီမှာ ရှုံးနိမ့်


မတ် ၄

အမေရိကန် သမ္မတဟောင်းထရမ့်သည် ပါတီတွင်းသမ္မတလောင်းရွေးကောက်ပွဲတွင် ပြိုင်ဘက် နစ်ကီဟာလေကို ဝါရှင်တန်ဒီစီမှာ ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။

နစ်ကီဟာလေအနေဖြင့် ၂၀၂၄ ခုနှစ် ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲတွင် ပထမဦးဆုံး အောင်မြင်မှုဖြစ်ပြီး ၆၂.၉ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ထရမ့်အနေဖြင့် ၃၃.၂ ရာခိုင်နှုန်းသာရရှိခဲ့သည်။

ဝါရှင်တန်ဒီစီတွင် မှတ်ပုံတင်ထားသည့် ရီပတ်ဘလစ်ကန် ပါတီဝင် ၂၃၀၀၀ ရှိသည့်အနက် ၂၀၃၅ ဦးကသာ ပါဝင် ရွေးချယ်ခဲ့ကြောင်း ဒေသတွင်းပါတီမှ ထုတ်ပြန်ထားသည်။

ထရမ်အနေဖြင့် ဝါရှင်တန်ဒီစီတွင် ရှုံးနိမ့်ခဲ့သော်လည်း ပါတီတွင်း ရွေးကောက်ပွဲတွင် သမ္မတလောင်းအဖြစ် ထပ်မံရွေးချယ်ခံရရန် ထိပ်ဆုံးမှ ဦးဆောင်ထားဆဲဖြစ်သည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – https://positiveanglenews.com/2024/03/04/ကြွက်နားရွက်မှို-ရဲ့ကျန/
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN