ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ်၊ နမ့်နန်းကျေးရွာ သဘာဝလှိုဏ်ဂူအတွင်းတွင် ကိုရင်ကြီးတပါး မီးလောင်သေဆုံးနေ

မတ် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ်၊ နမ့်နန်းကျေးရွာအုပ်စု၊ နမ့်နန်း( ရှမ်း )ကျေးရွာ အနီးရှိ နမ့်နန်းကျေးရွာအနီးရှိ သဘာဝလှိုဏ်အတွင်းမှလွန်ခဲ့သော ၃ နစ်ခန့်က တာလေမြို့၊ နောင်မွန်းကျေးရွာမှ လာရောက်သီတင်းသုံးနေတော်မူသော ဖမွန်း( ကိုရင်ကြီး )မှာ မီးလောင်သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

မတ်လ ၃ ရက်နေ့ ညနေပိုင်းက မီးလောင်သေဆုံးနေသည်ဟု ယူဆရသည့် ရုပ်အလောင်းတွေ့ရှိ​ကြောင်း ထိုသဘာ၀လှိုဏ်ဂူအနီး ဆွမ်းပို့ရန်သွားရောက်ခဲ့သည့် ရွာသားအချို့မှသတင်းပေးပို့လာသဖြင့် သင်္ဂဟလူမှုကူညီရေးအသင်းက မီးလောင်ထားသည့် ရုပ်အလောင်းအားသွားရောက် ကူညီသယ်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖမွန်း( ကိုရင်ကြီး ) မှာ သက်တော်( ၅၃ )နှစ်ရှိပြီဖြစ်ပြီး မီးလောင်သေဆုံးနေသည့် အကြောင်းအရင်းကိုတော့ မသိရသေးပါ။

သင်္ဂဟ လူမှုကူညီရေးအသင်းမှ သွားရောက်သူယူပေးခဲ့သည့် ရုပ်အလောင်းကို သက်ဆိုင်ရာတာ၀န်ရှိသူများက လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံ သို့ပို့ဆောင်ထားရှိခဲ့ကြောင်း သွားရောက်ကူညီသယ်ဆောင်ပေးခဲ့သည့် သင်္ဂဟ လူမှုကူညီရေးအသင်း တာ၀န်ရှိသူထံမှသိရှိရပါသည်။

#PAN