မတ် ၄
ပို့ကုန်လိုင်စင် ပါမစ်လျှောက်ထားမှု ပြင်ဆင်ဖြည့်စွက်ရမယ့်ကာလကိုရက်ပေါင်း ၇ ရက်အစား ၁၄ ရက်အထိ တိုးမြှင့် သတ်မှတ်လိုက်တယ်လို့ စီးပွားရေးနှင့် သန်းရောင်းဝယ်ရေးဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ပို့ကုန်လိုင်စင်ပါမစ်လျှောက်ထားရာမှာ အချက်အလက်နှင့် စာရွက်စာတမ်း မပြည့်စုံမှုအတွက် ပြင်ဆင်ဖြည့်စွက် ရမည့်ကာလကို ၇ ရက်အစား ၁၄ ရက်အထိတိုးမြှင့်သတ်မှတ်လိုက်ပြီး ဌာနမှစစ်ဆေးချက်အရ ပြင်ဆင်ရန် လိုအပ်ချက် ရှိခြင်း၊ စာရွက်စာတမ်း ပြည့်စုံမှုမရှိခြင်းကြောင့် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များကို Message ပေးပို့တဲ့နေ့မှ ၇ ရက် အတွင်း လုပ်ငန်းရှင်များ ပြန်လည်တင်ပြခြင်းမရှိပါက စနစ်မှအလိုအလျောက်ပယ်ဖျက်ခြင်း (Auto Cancel)ကို ပြုလုပ်မယ်လို့ သိရပါတယ်။
ဒါ့အပြင် ပို့ကုန်၊သွင်းကုန်လိုင်စင်/ပါမစ်လျှောက်ထားမှုပတ်သက်ပြီး လိုင်စင်ပါအချက်အလက် ပြည့်စုံမှုမရှိသဖြင့် Turn Down ပြုလုပ်မယ်လိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဌာနကနေ လိုင်စင်ခွင့်ပြုချက်ရရှိသည်နှင့် ပိုကုန်သွင်းကုန်လုပ်ငန်းရှင်များ အချိန်နှင့်တစ်ပြေးညီ သိရှိဆောင်ရွက်နိုင်ရေးအတွက်ကုမ္ပဏီတွေရဲ့ Main Member အီးမေးလ်တွေကို အကြောင်းကြားပေးပို့မယ်လို့ သိရပါတယ်။
PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews
Like, Share, Follow, Subscribe, Join
သတင်းပေးပိုရန် PAN Viber – 09772979725