ခရိုင်းမီးယားဒေသသို ဝင်ရောက်လာသည့် ဒရုန်း ၃၈ စင်းကို ရုရှားကြားဖြတ်တားဆီးနိုင်ခဲ့


မတ် ၄

ရုရှားစစ်ဘက်က ခရိုင်းမီးယားဒေသအတွင်းသို ဝင်ရောက်လာသည့် ဒရုန်း အနည်းဆုံး ၃၈ စင်းကို ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၃ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ဒရုန်းများကို ယူကရိန်းတပ်ဖွဲက လွှတ်တင်၍ ခရိုင်းမီးယားဒေသအား တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယင်းဒရုန်း များကို ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များက ကြားဖြတ်တားဆီးခဲ့ခြင်းဖြစ်သည်။

ယူကရိန်းတပ်များ သည် အဆိုပါတိုက်ခိုက်မှုများကို ညတွင်းချင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ ရုရှားအာဏာပိုင်များက ခရိုင်းမီးယား တံတားသို သွားရောက်မည့်လမ်းကြောင်းများအား ပိတ်ပစ်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ခရိုင်းမီးယားဒေသတွင် ရုရှားနိုင်ငံ၏ အဓိက ရေတပ်စခန်းတစ်ခုတည်ရှိပြီး ယင်းစခန်းအား ယူကရိန်း တပ်ဖွဲများက ဒရုန်းများ၊ ဒုံးကျည်များဖြင့် မကြာခဏတိုက်ခိုက်လေ့ရှိကြောင်း RT သတင်းဌာနတွင် ဖော်ပြထား သည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – https://positiveanglenews.com/2024/03/04/ကြွက်နားရွက်မှို-ရဲ့ကျန/
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN