ကနီမြို့ကို အကြမ်းဖက် KIA/PDF ပူးပေါင်းအဖွဲ့မှ မီးရှိုဖျက်ဆီးနေ


မတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ကို အကြမ်းဖက် KIA/PDF ပူးပေါင်းအဖွဲ့ အင်းအား ၁၀၀၀ ခန့်ဖြင့် မြို့သိမ်းတိုက်ပွဲ စစ်ရေးလှုပ်ရှားမှုအဖြစ် မတ်လ ၂ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်မှ စတင်တိုက်ခိုက်ရာ ယနေ့ မတ်လ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ကနီမြို့ မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်သမဝါယမရုံး၊ မြို့နယ်မြေစာရင်းရုံး နှင့် မြို့နယ် ပြည်‌ထောင်စုကြံ့ခိုင်ရေးပါတီးရုံး တို့ကို မီးရှို့ဖျက်ဆီးရာ ကနီမြို့ရှိ နေအိမ်များမီးလောင်းကျွမ်းလျှက်ရှိ နေကြောင်း သိရှိရသည်။

၎င်း အကြမ်းဖက်အဖွဲ့များသည် ကနီမြို့ ၊ အမှတ် ၃ ရက်ကွက်အတွင်းသို့ ရေဝါချောင်းဘက်မှ ဝင်ရောက်လာကာ မြို့သိမ်းတိုက်ပွဲ ရည်မှန်ချက်ဖြင့် ယခုလို စစ်ရေးလုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရှိရသည်။

ထို့ကြောင့် နှစ်ဖက်ပစ်ခတ်မှုတိုက်ပွဲပြင်းထန်းနေပြီး မတ်လ ၂ ရက်နေ့တွင် အကြမ်းဖက် KIA/PDF ပူးပေါင်းအဖွဲ့က မြို့နယ်ဆေးရုံဝန်ထမ်းမိသားစုများကို ဖမ်း‌ဆီးခေါ်ဆောင်သွားကြောင်း သိရပြီး၊
အကြမ်းဖက် KIA/PDF ပူးပေါင်းအဖွဲ့မှ အလောင်း ၅၉ လောင်းနှင့် ဒဏ်ရာရသူ ၁၄၁ ဦးရှိကြောင်း ဒေသခံများထံမှသိရသလို လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – https://positiveanglenews.com/2024/03/04/ကြွက်နားရွက်မှို-ရဲ့ကျန/
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN