ယူကရိန်းနိုင်ငံအတွင်း စီအိုင်အေက အခြေစိုက်စခန်းအများအပြားကို တည်ထောင်ထားကြောင်းဆို


မတ် ၂

အမေရိကန်၏ သူလျှိကွန်ရက်သည် အမေရိကန်မီဒီယာများက ဖော်ပြထားသည်ထက် ပိုမိုကြီးမားပြီး စီအိုင်အေအနေဖြင့် ယူကရိန်းနိုင်ငံအတွင်း၌ အခြေစိုက်စခန်းအများအပြားကို တည်ထောင်ထားကြောင်း ရုရှား ပြည်ထောင်စု ထောက်လှမ်းရေးအဖွဲအကြီးအကဲ အလက်ဇန္ဒား ဘော်နီကော့ က ပြောသည်။

ထိုပြင် စီအိုင်အေအဖွဲသည် လက်ရှိတွင် ရုရှားအား ချည့်နဲ့စေရန်အတွက် ယူကရိန်းနိုင်ငံအတွင်း၌ လျှိဝှက်အခြေစိုက်စခန်း ၁၂ ခုအား ဖွင့်လှစ်၍ လှုပ်ရှားလျက် ရှိကြောင်း New York Times သတင်းစာက ဖော်ပြ ခဲ့သည်။ အလားတူ စီအိုင်အေအဖွဲသည် ယူကရိန်းထောက်လှမ်းရေးအဖွဲဝင်များအား မြေအောက်ဘန်ကာ များတွင် လေ့ကျင့်သင်ကြားပေးခြင်းနှင့် လက်နက်တပ်ဆင်ပေးခြင်းတိုကိုပါ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အမေရိကန်သူလျှိအဖွဲနှင့် ယူကရိန်းအထူးတပ်ဖွဲများအကြား ပူးပေါင်းဆောင်ရွက်မှုသည် ကာလ ရှည်ကြာ တည်ရှိခဲ့ပြီဖြစ်ပြီး ရုရှားဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ယူကရိန်းအထူးတပ်ဖွဲများသည် အမေရိကန်၏ လေ့ကျင့်သင်ကြားပေးမှုကို လက်ခံရရှိခဲ့ကြောင်း New York Times သတင်းစာက ဆက်လက် အတည်ပြုဖော်ပြခဲ့ကြောင်း သိရသည်။