ဘင်္ဂလားဒေ့ရှ်က နာမည်ကြီးစားသောက်ဆိုင် မီးလောင်မှုကြောင့် လူ ၄၅ ဦးထက်မနည်း သေဆုံး

မတ် ၂


ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညက ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ မီးလောင်မှု ဖြစ်စဥ်တွင် လူ ၄၅ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့သူတွေ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ကြာသပတေးနေ့ နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့သည့် အဆိုပါ မီးလောင်မှုဟာ ဒါကာမြို့ ဘေလီလမ်းရှိ ဈေးဝယ်စင်တာတစ်ခုထဲမှ နာမည်ကြီး ဒန်ပေါက်စားသောက်ဆိုင်ကနေ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တခြားအထပ်ကို လျင်မြန်စွာ ကူးစက်သွားခဲ့တယ်လို့ မီးသတ်အရာရှိတွေက ပြောဆိုထားသည်။


အဆိုပါမီးလောင်မှုကြောင့် အနည်းဆုံး လူ ၄၅ ဦး သေဆုံးပြီး ၂၂ ဦး မီးလောင်ဒဏ်ရာရရှိခဲ့​သည့်အတွက် ဆေးရုံတွေမှာ ကုသမှုခံယူနေရကြောင်းကျန်းမာရေးဝန်ကြီး Samanta Lal Sen က ဒါကာဆေးကောလိပ် ဆေးရုံကို သွားရောက်ကြည့်ရှု့ခဲ့ပြီးနောက် ဒီသောကြာနေ့အစောပိုင်းမှာ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

မီးလောင်ဒဏ်ခံရသူ အများစုသည် ဈေးဝယ်စင်တာထဲမှ အဝတ်အစားဆိုင်များ မိုဘိုင်းလ်ဖုန်းဆိုင်မျနှင့် စားသောက်ဆိုင်များတွင် လာရောက် ဈေးဝယ် စားသောက်နေကြသူများဖြစ်ပြီး ကလေးငယ်များအပါအဝင် မိသားစုဝင်များ ဖြစ်ကြပြီး သေဆုံးသွားသူအများစုမှာ​ အသက်ရှုကြပ်ကာ သေဆုံးခဲ့ရပြီး တချို့မှာ အဆောက်အအုံပေါ်မှ ခုန်ချခဲ့သည့်အတွက် သေဆုံးသွားခဲ့ရတာဖြစ်ကြောင်း ဆရာဝန်များက ပြောဆိုထားသည်။

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ ၁၃ ဖွဲ့မှ အချိန် နှစ်နာရီကြာ ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများမှ ပြောဆိုထားကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews
Like , Share, Followe, Subscribe, Jion

PAN