ဖုန်းအားသွင်းထားရာမှ မီးလောင်မှုဖြစ်ပွားပြီးအမျိုးသမီးငယ်တစ်ဦး သေဆုံး


မတ် ၂


မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ကန်သာယာရပ်ကွက်၊၅၈လမ်းနှင့်၅၉လမ်းကြား၊၁၁၂(A)လမ်းနှင့်၁၁၂(B)လမ်းကြား၊အကွက်အမှတ် ဖ-၉/၈၀နေ ဦးမြင့်‌မောင်၏နေအိမ်တွင် ယနေ့ညနေ ၅ နာရီကျော်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

မီး​စတင်လောင်ကျွမ်းခဲ့သည့် ၁ထပ်၊သွပ်မိုး၊ထရံကာ၊မြေစိုက်​နေအိမ် ၁လုံး၊ဦးစိုးဝင်းလှိုင်၊ရွှေစံပယ်ထွန်းပုံနှိပ်လုပ်ငန်းပိုင်ဆိုင်သည့် RC ၂ထပ်တိုက် ၁လုံးနှင့် ဦးရဲမြင့်သိန်း၊ လဝန်းသစ် ပုံနှိပ်လုပ်ငန်းပိုင်ဆိုင်သည့် RC ၂ထပ်တိုက်နေအိမ်တို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ ၅နာရီခွဲ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှု ဖြစ်စဥ်မှာ မောင်မင်းသန့်ကိုကို၊ အသက် ၁၈နှစ်၊ (ဘ)ဦးစိုးမြတ်ကျော်သူသည် နေအိမ်အိပ်ခန်းထဲတွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲကာပေါက်ကွဲကာ အိမ်ထရံမှမီးစတင်‌လောင်ကျွမ်းခဲ့‌ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၉၄၀၀၀၀၀ ကျပ်ဆုံးရှုံးခဲ့​ကြောင်း မီးပေါ့ဆစွာအသုံးပြုသူ မင်းသန့်ကိုကို၊၁၈နှစ်၊ (ဘ) ဦးစိုးမြတ်ကျော်အား ဥပဒေအရအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မီးလောင်မှုကြောင့် မရတီသူရမိုး(ခ)ရတီမိုး၊၁၄နှစ်၊(ဘ)ဦးသူရမောင်မောင်၊(၆)တန်း​ကျောင်းသူ၊ကန်သာယာရပ်ကွက်နေသူမှာ မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့​​ကြောင်းသိရသည်