ချီဖွေမြို့ဝင်ဆိုင်းဘုတ်သစ် ငွေကျပ်သိန်းတစ်ရာ ကုန်ကျခံတည်ဆောက်၍ ပြီးစီး

မတ် ၂

ငွေကျပ်သိန်းတစ်ရာ အကုန်ကျခံကာ တည်ဆောက်နေသည့် ကချင်ပြည်နယ်၊ ချိဖွေခရိုင်၊ ချီဖွေမြို့ဝင် ဆိုင်းဘုတ် မြို့အဝင်ဆိုင်းဘုတ် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ချီဖွေမြို့အဝင်ဆိုင်းဘုတ်အား လော်ဝေါ်ယာဉ်ကျေးမှုအဖွဲ့၊ လာချိဒ်ယာဉ်ကျေးမှု အဖွဲ့နှင့် ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်း SPIC ကုမ္ပဏီတို့၏ အလှူငွေဖြင့် ပြုလုပ်ခဲ့ရာ ပြီးစီးနေပြီဖြစ်သည့်အတွက် ယနေ့တွင် တာဝန်ရှိသူများမှ သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့ဝင်ဆိုင်းဘုတ်သစ် ပြုလုပ်ရာတွင် ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်း SPIC ကုမ္ပဏီမှ CSR ရန်ပုံငွေ သိန်း (၈၀)၊ လော်ဝေါ်ယဉ်ကျေးမှုအဖွဲ့က (၁၀)သိန်း၊ လာချိဒ်ယဉ်ကျေးမှုအဖွဲ့က (၁၀)သိန်း ကျပ် စုစုပေါင်း ကျပ်သိန်း (၁၀၀) အကုန်အကျခံ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့အဝင်ဆိုင်းဘုတ်သစ်အား ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့အဝင်ဆိုင်းဘုတ်သစ် ပြုလုပ်ရာတွင် ရိုးရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ၎င်းတို့၏ ရိုးရာစာသားများ ထည့်သွင်းဖော်ပြခြင်းကို စိစစ်အတည်ပြု၍ ညှိနှိုင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

#PAN