London Football Awards ပွဲမှ Winner များ

မတ် ၁

စပါးနည်းပြပို့စ်တီကိုဂလူးဟာ ၂၀၂၄ London Football Awards ဆုပေးပွဲအခမ်းအနားမှာ အာဆင်နယ်နည်းပြအာတီတာကို ကျော်ဖြတ်ပြီး တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

သြစတြေးလျလူမျိုးနည်းပြ ပို့စ်တီကိုဂလူးဟာ ပြီးခဲ့တဲ့နွေရာသီက ဆဲလ်တစ်ကနေ ရောက်ရှိလာခဲ့ပြီးနောက် စပါးကို အကောင်းဆုံးပုံစံရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်အဆင့်(၅)နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ ဒီကလန်ရိုက်ဟာ ပြီးခဲ့တဲ့နွေရာသီက ပေါင်(၁၀၅)သန်းနဲ့ ဝက်စ်ဟမ်းကနေ အာဆင်နယ်ကိုရောက်ရှိခဲ့ပြီးနောက် ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။

ဒီဆုဟာ ပြီးခဲ့တဲ့ရာသီက ကွန်းဖရန့်လိဂ်ဖလားရခဲ့တဲ့ ဝက်စ်ဟမ်းအတွက် ဒီကလန်ရိုက်ရဲ့စွမ်းဆောင်ရည်နဲ့လည်း သက်ဆိုင်ပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ ပယ်လ်မာကလည်း တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။ ပယ်လ်မာဟာ ယခုရာသီမှာ အသင်းအတွက်(၃၄)ပွဲမှာ (၁၄)ဂိုးသွင်းယူပေးခဲ့ပြီး (၉)ကြိမ်ဖန်တီးခဲ့ပါတယ်။