မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းဖွဲစည်းရန် လူငယ်ကစားသမား ၄၀ ဦး ရွေးချယ်ထား


မတ် ၁
လူငယ်ဖွံဖြိုးရေး နည်းစနစ်ဒါရိုက်တာနေရာနှင့် မြန်မာယူ-၁၆ နည်းပြချုပ်အဖြစ်တာဝန်ယူနေသော ဂျပန် နိုင်ငံသား မီတ ဟာ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းဖွဲစည်းရေးအတွက် ပဏာမ ကစားသမား ၄၀ ဦး ရွေးချယ်ထားတယ်လို သိရပါတယ်။

မြန်မာ ယူ-၁၆ အသင်းနည်းပြချုပ် မီတ နှင့် နည်းပြအဖွဲ့ဟာ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ဒေသ အသီးသီးမှ ယူ-၁၅ ကစားသမားများနှင့် အကယ်ဒမီအသီးသီးမှ ကစားသမားများကို စိစစ်ရွေးချယ်ခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။

အခုလိုရွေးချယ်ရာမှာ ၂၀၂၄ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း ကစားသမားများကို ခြေစမ်းပွဲများ ကစားစေခဲ့ပြီး စတင်ရွေးချယ်မှု ပြုလုပ်ခဲ့ရာမှာ ကစားသမား ၄၀ ဦး ပဏာမ ရွေးချယ်ထားပြီး အပြီးသတ် ရွေးချယ်မှု ပြုလုပ်ပြီးပါက မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းဖွဲ့စည်းမှာ ဖြစ်‌တယ်လို့ သိရပါတယ်။

လူငယ်ကစားသမားများ ကျောင်းစာမေးပွဲများ ပြီးဆုံးပါက လာမယ့် မတ်လ ၄ ရက်နှင့် ၅ ရက်တို့မှာ ခြေစမ်းပွဲများ ဆက်လက်ကစားစေမှာ ဖြစ်တယ်လည်းလို့ သိရပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ လူငယ်ဖွံဖြိုးရေး နည်းစနစ် ဒါရိုက်တာနေရာနှင့် မြန်မာ ယူ ၁၆ နည်းပြချုပ် အဖြစ် ဂျပန်နည်းပြ မီတ ကို (၂) နှစ်စာချုပ်ဖြင့် ခန့်အပ်ထားကြောင်း သိရပါတယ်။