နွားထိုးကြီးမြို့ရှိ စာရင်းစစ်ရုံးသို့ အကြမ်းဖက် PDF များက Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်


မတ်လ ၁

ယမန်နေ့ နံနက် ၁၀ နာရီ ၅၀ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ရှိ စာရင်းစစ်ရုံးဝင်းအတွင်းသို့ အကြမ်းဖက် PDF အဖွဲ့မှ Drone ဖြင့် Drop Bomb ၁လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

၎င်းတို့ ပြစ်ချတိုက်ခိုက်သော ဗုံးမှာ စာရင်းစစ်ရုံး ဝန်ထမ်းအိမ်ယာ၊ ၄ ခန်းတွဲမှ ဒုတိယခန်း ဦးအောင်ဇော်မင်း၏ လိုင်းခန်းခေါင်မိုးပေါ်သို့ ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိဘဲ လိုင်းခန်းခေါင်မိုးမှ သွပ် ၂ ပေပတ်လည် ၂ ချက်၊ မျက်နှာကြက် ၆×၃ပေ ၂ ချက်တို့ ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ Drone ပျံသန်းသွားသည့် မိုးကံကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာအနီး လျိုများအတွင်းနှင့် ဗောဓိကုန်းကျေးရွာအနီး ပတ်ဝန်းကျင်အား နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

#PAN