တာဝန်သိပြည်သူများ၏ လျှိုဝက်သတင်းပေးပို့ချက်အရ မြောင်မြို့နယ်၊ မကျီးကန်ကျေးရွာအနီးအကြမ်းဖက်အဖွဲ့များကို ရှင်းလင်းရာ အလောင်းများနှင့် ဆက်စပ်လက်နက်ခဲယမ်းများ သိမ်းဆီးရမိ


မတ်လ ၁

ယနေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ မကျီးကန်ကျေးရွာအနီး တာဝန်သိပြည်သူများ၏ လျှိုဝက်သတင်းပေးပို့ချက်အရ နယ်မြေတည်ငြိမ်ရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် အကြမ်းဖက် PDF များစုဖွဲ့သောနေရာကို သွားရောက်ရှင်းလင်းရာ အကြမ်းဖက် PDF အဖွဲ့များနှင့် အကြမ်းဖက်အလောင်းများ၊ ဆက်စပ်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ သွားရောက်ရှင်းလင်းရာ အကြမ်ဖက် PDF ၃ လောင်း၊ M-22 သေနတ် ၁ လက်၊ M-22 ကျည် ၁၂၃ တောင့်၊ M-22 ကျည်အိမ် ၂ ခု၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်ကျည်အိမ် ၁ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ MS-PDF တံဆိပ်ပါ(အနီရောင်အလံ) ၁ ထည်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

မြေပြင်ရှိပြည်သူများသည် အကြမ်းဖက် PDF အဖွဲ့များ၏ လူသားမဆန်သော လုပ်ရပ်များပေါင်းစုံကြောင့် ဒေသတွင်းအကြမ်းဖက်သမားများ ကင်းစင်ပပြောက်ရေး တပ်မတော်တပ်ရင်းတပ်ဖွဲ့များထံ လျှိုဝက်သတင်းပေးပို့မှု များပြားလာရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်အဖွဲ့များ ခြေကုပ်နေရာယူထားသော နေရာများကို ချေမှုန်းရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရှိရသည်။

#PAN