မတ် ၁
မြန်မာနိုင်ငံ၏ နာမည်ကြီးလက်ဝှေ့ကျော် တစ်ဦးဖြစ်တဲ့ ထွန်းထွန်းမင်းနှင့် ကမ္ဘောဒီးယားနိုင်ငံရဲ့ သမ္ဘာရင့် ချန်ပီယံ ပရမ်စမ်နမ် တိုဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ဖေဖော်ဝါရီလ ၂၉ ရက်က ခွန်ခမာရိုးရာ လက်ဝှေ့ စည်းမျဥ်းများ အတိုင်း ခေါင်တွဲဆိုင်းအဖြစ် ထိုးသတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အဆိုပါ ပွဲစဉ်မှာ ၃ မိနစ် ၃ ချီပြည့်တဲ့အထိ အနိုင်အရှုးမပြတ်သားခဲ့တဲ့ အတွက် ဒိုင်အဆုံးအဖြတ်ခံယူရာမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ သမ္ဘာရင့်ချန်ပီယံ ပရမ်စမ်နမ်က အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ထွန်းထွန်းမင်းမှာ ပထမအချီနှင့် ဒုတိယအချီတိုမှာ သူတင်ကိုယ်တင် ယှဥ်ပြိုင်ထိုးသတ်နိုင်ခဲ့ပေမယ့် တတိယပိုင်းမှာ သက်လုံကြောင့် ကစားအားကျ လာခဲ့တာကို တွေ့ခဲ့ရပါတယ်။
ထွန်းထွန်းမင်းနှင့် ပရမ်စမ်နမ်တိုဟာ ပြီးခဲ့တဲ့ ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်း ခမာဖိုက်တွင် ထိုးသတ်ရာ ဒိုင်အမှတ်နဲ့ ပရမ်စမ်နမ်က အနိုင်ရရှိခဲ့ဖူးပြီးယခူ ထပ်မံအနိုင်ရရှိခဲ့တဲ့အတွက် ထွန်းထွန်းမင်းမှာ ရှုးကြွေးထပ်တင် ခဲ့ရပါတယ်။