“ပါလက်စတိုင်း အစိုးရအဖွဲ့က သမ္မတထံ နုတ်ထွက်စာတင်”

ဖေဖော်ဝါရီလ ၂၈
ပါလက်စတိုင်းဝန်ကြီးချုပ် ဦးဆောင်သော ပါလက်စတိုင်းအစိုးရအဖွဲ့က သမ္မတ မာမွတ်အဘတ်ထံ နုတ်ထွက်စာ တင်ထားကြောင်း သိရသည်။ ဂါဇာကမ်းမြောင်ဒေသ၊ အနောက်ဘက်ကမ်းဒေသနှင့် ဂျေရုဆလင် တို့တွင် ဖြစ်ပွားနေသောအခြေအနေများနှင့်ပတ်သက်၍ ပါလက်စတိုင်းအစိုးရအဖွဲ့သည် စိန်ခေါ်မှုရှိသော အခြေ အနေတွင် အလုပ်လုပ်နေရသောကြောင့် ယခုကဲ့သို့ အစိုးရအဖွဲ့နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဖေဖော်ဝါရီလ ၂၆ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောသည်။
ဝန်ကြီးချုပ်ဦးဆောင်သော အစိုးရအဖွဲ့ကို သမ္မတ၏အမိန့်ဖြင့် ၂၀၁၉ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ် ပြီး ပါလက်စတိုင်းပေါင်းစည်းရေးနှင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကို လုပ်ဆောင်ရမည်ဖြစ်သည်။ သို့သော် ၎င်းတို့ လုပ်ဆောင်ရမည့်လုပ်ငန်းများအတွက် နောက်တစ်ဆင့်တွင် ဂါဇာ၌ ဖြစ်ပွားနေသော ပကတိ အခြေအနေကို ထည့်သွင်းတွက်ချက်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က အစိုးရအဖွဲ့အစည်းအဝေး၌ ပြောခဲ့ ကြောင်း China Daily သတင်းဌာနမှ ဖော်ပြခဲ့သည်။

#PAN

Telegram link

https://t.me/positiveanglenews