ဂါဇာတွင် လူ တစ်သန်းခွဲခန့် အငတ်ဘေးကြုံနေရပြီး သေဆုံးသူ ၃ သောင်းဝန်းကျင်အထိ ရှိလာ


ဖေဖော်ဝါရီ ၂၈

အစ္စရေး၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် လူပေါင်း တစ်သန်းခွဲခန့်အငတ်ဘေးကြုံနေရပြီး သေဆုံးသူ ၃ သောင်းဝန်းကျင်အထိ ရှိလာဟု ကုလသမဂ္ဂတာဝန်ရှိသူများက ပြောသည်။

ထို့အပြင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများတွင် အောက်တိုဘာ ၇ ရက်နေ့မှ ယနေ့အထိ အရပ်သားပြည်သူ သေဆုံးမှု ၂၉၈၇၈ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရလူနာများ လုံလောက်သော ဆေးကုသမှုရရှိရေးမှာလည်း ခက်ခဲနေကြောင်းသိရသည်။

ဂါဇာရှိ ဆေးရုံများတွင် လျှပ်စစ်မီး ရေနှင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှု နည်းပါးလာပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ အထောက်အပံ့များလည်း ဝင်ရောက်ရန် ခက်ခဲမျုများကြောင့် ဂါဇာတောင်ပိုင်းရှိ နက်ဆာဆေးဘက်ဆိုင်ရာ အဆောက်အုံမှာ ပိုမိုစိုးရိမ်ရကြောင်း ဟားမက်စ်အဖွဲ့၏ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ပြောဆိုထားသည်။

ကာတာနိုင်ငံခြားရေးဝန်ကြီးက လာမည့် အစ္စလာမ်ဘာသာဝင်များ၏ ရမ်ဇာန်လ မစတင်မည် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု တစ်စုံတရာ ရနိုင်ကြောင်း ပြောကြားခဲ့သော်လည်း အစ္စရေးအရာရှိတစ်ဦးက လာမည့် တနင်္လာနေ့တွင် အပစ်အခတ် ရပ်စဲမည်ဆိုသည် သတင်းအား အံ့အားသင့်မိကြောင်း ပြောဆိုခဲ့သည်။

PAN